စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲဇီးကွက်သီးနှံများကို ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ဈေးနှုန်းအနေဖြင့် ပဲဇီးကွက်တစ်တင်းလျှင် (၉၉၀၀၀) ကျပ်၊ အကွဲအနာပါလျှင် (၉၈၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၃၀၀၀) ကျပ် ကျဆင်းသွားကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့နယ်မှ ထွက်ရှိသော ပဲဇီးကွက်သီးနှံများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရသည်။
Doca(စစ်ကိုင်း)
source: https://www.doca.gov.mm